Skip to main content

Posts

အဝေးသင် ကျောင်းသူ/သားများ နှင့် အမေး၊အဖြေ။

Admin တို့ကို Chat Box မှာလာမေးနေကြတဲ့ အဝေးသင် ကိစ္စလေးတွေဖြေပေးသွားပါမယ်။ မေး။ ။ Assingnment စာစဥ်တွေက ''ငြိမ်း" စာစဥ်နဲ့ရေးမှ အမှတ်ပေးတာလို့ပြောနေကြတယ်။အဲ့ဒါဟုတ်လား...? ဖြေ။  ။ ဘယ်စာစဥ်နဲ့ရေးရေး အမှတ်ပေးတာအတူတူပါဘဲ။ အခုဆို တောင်ငူတက္ကသိုလ်အတွက် ငြိမ်း၊ချန်ပီယံ၊နေ့သစ် Assingnment စာစဥ်သုံးခုလုံးက ကျောင်းသားတွေအတွက် အဆင်သင့်ရှိနေပါပြီ။ကြိုက်နှစ်သက်ရာနဲ့ရေးနိုင်ပါတယ်။ ဘယ်စာစဥ်နဲ့ရေးရေးအတူတူပါဘဲ။ကျွန်တော့်ဆီမှာတော့ နေ့သစ် နဲ့ ချန်ပီယံ အဖြေစာအုပ်တွေရောင်းပေးနေပါတယ်။ ​မေး။ ။ကျောင်းဘယ်တော့ပြန်ဖွင့်မှာလဲ။ ဖြေ။ ။ မဖွင့်သေးပါဘူး။ ကျောင်းပြန်ဖွင့်ရင် ကျောင်းရဲ့ သက်ဆိုင်ရာ ဌာနတွေကနေကြေညာပေးပါလိမ့်မယ်။ မေး။ ။ ကျောင်းကိစ္စတွေဘယ်တော့မှပြန်လုပ်လို့ရမှာလဲ။ ဖြေ။ ။ ကျောင်းပြန်ဖွင့်ရင် ကျောင်းကိစ္စအဝဝ ကိုပြန်လုပ်လို့ရမှာပါ။ မေး။ ။ ကျောင်းအပ်ရက်နဲ့Assingment တင်ရက် ထပ်တိုးမှာလား။ ​ဖြေ။ ။ ရက်တွေထပ်တိုးမှာပါ။စိတ်မပူကြပါနဲ့ဗျ။ မေး။ ။ ကျောင်းအပ်က လက်မခံတော့ဘူး လား။ ဖြေ။ ။ လက်ခံမှာပါ။ ကျောင်းပြန်ဖွင့်ရင် ကျောင်းအပ်လက်ခံမှာမို့ စိတ်မပူကြပါနဲ့။ မေး။ ။ ယာယီဘွဲ့လက်မှတ်ထုတ်ချင်လို့ ...

Assingnment စာစဥ်များဝယ်ယူရရှိနိူင်ပါပြီ

တောင်ငူတက္ကသိုလ် ၂၀၁၉ ပညာသင်နှစ် အဝေးသင် သင်တန်း၊ ဒုတိယအသုတ် အရှေ့တိုင်းပညာအထူးပြု  ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ် အောင်စာရင်းများကို ဖော်ပြအပ်ပါသည်။

အဝေးသင် ပထမနှစ် များအားလုံး ကျောင်းပြောင်း၊မေဂျာပြောင်း (၂၀.၁.၂၀၂၀)နေ့ နောက်ဆုံးဖြစ်ပါသည်။

အဝေးသင် ပထမနှစ် များအားလုံး ကျောင်းပြောင်း၊မေဂျာပြောင်း (၂၀.၁.၂၀၂၀)နေ့ နောက်ဆုံးဖြစ်ပါသည်။

ကျောင်းပြောင်း/မေဂျာပြောင်းများအတွက်ကြေညာခြင်း

PPTT ဆရာအတတ်သင် သင်တန်း

၂၀၂၀ ခုနှစ်၊ လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) အမှတ်စဉ်(၇/၂၀) အတွက် အနီးကပ်ဝင်ခွင့် သင်တန်းများ။ ၂၀၀၈ ခုနှစ် မှ ၂၀၁၈ ခုနှစ် အထိ ၁၀ နှစ်တာကာလမေးခွန်းအတွေ့အကြုံ ၊သင်ကြားမှုအတွေ့အကြုံများဖြင့် တာဝန်ယူသင်ကြားပေးသည်။ တန်းခွဲတစ်ခုလျှင်သင်တန်းသား/သူ (၇၀)ဦးသာလက်ခံသင်ကြားပေးမည်။ အတွေ့အကြုံရှိ ဝါရင့်ဆရာ/ဆရာမကြီးများ ကိုယ်တိုင် သင်ကြားပို့ချပေးမည်။ ကြိုးစား သင်ယူလိုစိတ်ဖြင့်သာ လာခဲ့ပါ။ ချန်ပီယံ - ပညာရေးဝန်ဆောင်မှု Section(A) Monday to Friday  6:00 PM to 8:00 PM Section(B) Saturday to Sunday 9:00 AM to 3:00 PM              ဆက်သွယ်ရန်...     ☎09-428131471     ☎09-954281471     ☎09-978380336     ☎09-770001471     ☎09-9678845471 အမှတ်(၂၄)၊ပထမထပ်(A) သမိန်ဗရမ်းလမ်း၊တာမွေမြို့နယ်။
Attention Please! ❤ Chat Box မှာမေးထားတာတွေအများစုက  - ကျောင်းဘယ်ချိန်အပ်ရမလဲ? - ဘယ်နေ့နောက်ဆုံးလဲ ? - ကျောင်းအပ်ရင် ဘာတွေလိုလဲ ? - ကျောင်းပြောင်းရင်ဘာတွေလိုလဲ ? - မေဂျာပြောင်းလို့ရပီလား ? - မေဂျာပြောင်းရင် ဘာတွေလိုလဲ ?              ဒီမေးခွန်းတွေပဲထပ်ကာထပ်ကာမေးနေကြပါတယ်။ Admin လိုအပ်တာတွေ အကုန်တင်ပေးထားပါတယ်။Page ရဲ့ထိပ်ဆုံးမှာတင်ပေးထားပါတယ်။ ကိုယ့်ဘာသာလေး နည်းနည်းအားစိုက်ပြီး ရှာပေးကြပါ။ တစ်နေ့တစ်နေ့ ဒါတွေပဲထပ်ထပ်မေးနေတော့ တစ်ချို့အရေးကြီးတာတွေပဲဖြေပေးဖြစ်ပါတယ်။ လိုအပ်တာတွေ Admin အကုန်အဆင်သင့်လုပ်ထားပေးပါတယ်။             နောက်ပီးတော့ ဘယ်မေဂျာက ဘယ်တစ်ယောက်ကို Crush နေလို့ပါ။ သူသိအောင်ပြောပေးပါတို့ ဘာညာနဲ့ အရေးမပါတာတွေလာလာမပို့ပါနဲ့ တင်ပေးဖို့လဲ အချိန်မရှိပါဘူး ကိုယ်ကြိုက်နေရင် ကိုယ့်ဘာသာသွားပြောပေါ့ ။ တကယ်ပါပဲ လူကမှ Fa ပါဆို ဘာတွေလာပို့နေကြမှန်းမသိဘူး ဝုတ်ဒယ် 😒😒

အဝေးသင်ဘွဲ့ယူမည့်ကျောင်းသားကျောင်းသူများသိစေရန် ======

အဝေးသင်ဘွဲ့ယူမည့်ကျောင်းသားကျောင်းသူများသိစေရန် =====================================  ဘွဲ့နှင်းသဘင် အစမ်းလေ့ကျင့်ရက်နှင့် အမှန်တကယ်တက်ရောက်ယူမည့်နေ့ များတွင် ကျောင်းသူများသည် မြန့်မာရိုးရာ ဝတ်စားဆင်ယင်မှု (ထမိန်၊ အင်္ကျီလက်ရှည်)၊ တိုင်းရင်းသား ဝတ်စုံဝတ်ဆင်မည်ဆိုလျှင် သက်ဆိုင်ရာ တိုင်းရင်းသားဝတ်စုံကို ပြည့်ပြည့်စုံစုံ ဝတ်ဆင်ပြီး တက်ရောက်ရပါမည်။ *** အင်္ကျီရှေ့ဟိုက်၊ နောက်ဟိုက် နောက်ကွဲ၊ ကျောပြောင် အပါးသားများ မဝတ်ဆင်ရပါ။ ထမိန်စကတ် အတိုအပြတ်အကွဲ ၊ ရှေ့ကွဲ နောက်ကွဲ ဘေးကွဲ မဝတ်ဆင်ရပါ။ ‌ကျောင်းသားများသည် မြန်မာဝတ်စုံဝတ်ဆင်မည်ဆိုလျှင် ပုဆိုး တိုက်ပုံအပြည့်အစုံဝတ်ဆင်ရပြီး အနောက်တိုင်းဝတ်စုံဝတ်ဆင်မည်ဆိုလျှင် အနောက်တိုင်းဝတ်စုံအပြည့်အစုံ (နက်ခ်တိုင်) ပါဝင်အောင်ဝတ်ဆင်ရမည်။ တိုင်းရင်းသား ဝတ်စုံဝတ်ဆင်မည်ဆိုလျှင်လည်း သက်ဆိုင်ရာတိုင်းရင်းသား ဝတ်စုံကို အပြည့်အစုံဝတ်ဆင်ရပါမည်။ **** ဂျင်းဘောင်းဘီ၊ ဂျင်းဘောင်းဘီဒူးပြဲ ၊ တီရှည်လက်တို လက်ရှည်နှင့် ကွာတားဘောင်းဘီများ လုံးဝလုံးဝ မဝတ်ဆင်ရပါ။ အရက်သေစာ သောက်စားလာခြင်းနှင့် ငါးနှစ်အောက်ကလေးများ ခေါ်ဆောင်လာခြင်းမပြုရပါ။ အစမ်းလေ့ကျင့်ရက်တွင် ...
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အဝေးသင် ပထမနှစ် ဝင်ခွင့်ရ အထူးပြု မေဂျာများအားလုံး ဇန်နဝါရီလမှ စတင်၍ ကျောင်းဝင်ခွင့်မှတ်ပုံတင် လက်ခံမည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အဝေးသင် ပထမနှစ် ဝင်ခွင့်ရ ကျောင်းသား ကျောင်းသူ အားလုံး ကျောင်းမှတ်ပုံတင် ဝင်ခွင့် အား ဇန်နဝါရီလမှ စတင်လက်ခံမည်ဖြစ်သည်။ ကျန်အတန်း ကြီးများ အနေဖြင့် ပုံမှန်ကျောင်းအပ်ကာလအတိုင်းသာ လက်ခံဆောင်ရွက် မည်ဖြစ်သည်။ သိပ္ပံအထူးပြုများသည် ပုံမှန် အပတ်စဉ် တက်ရောက်ရ မည်ဖြစ်ပြီး ဝိဇ္ဇာတွဲအထူးပြု များအနေ့ဖြင့် Orientation အား မေလတွင် ၅ရက် တစ်ကြိမ်၊ နှင့် ကျန်အနီးကပ် ၅ရက် အား အောက်တ်ုဘာလနှင့် နိုဝင်ဘာလတွင် တစ်ကြိမ် နှစ်ကြိမ်ခွဲ၍ တက်ရောက်ရမည်ဖြစ်သည်။ #မေဂျာပြောင်းလဲမူအား မကြာမီ အသိပေးကြေညာမည် ဖြစ်သည်။ ဖိုးသူတော်-မုံရွာ
တောင်ငူ တက္ကသိုလ် (အဝေးသင်) ဘွဲ့နှင့်သဘင်ကျင်းပခြင်း ကြေညာချက်။ အစမ်းလေ့ကျင့် ရက် (၁၈-၁၂-၂၀၁၉) ၊(၁၉-၁၂-၂၀၁၉) ဘွဲ့နှင်းသဘင် ရက်     (၂၁·၁၂-၂၀၁၉) ၊(၂၂-၁၂-၂၀၁၉)

အဝေးသင်ပညာရေးမှာ အနီးကပ် နှစ်ကြိမ် ခွဲတက်ခြင်း လာမယ့်နှစ်မှာ စတင်ဖို့စီစ​ဥ် နေ။

အဝေးသင်ပညာရေးမှာ အနီးကပ် နှစ်ကြိမ် ခွဲတက်ခြင်း လာမယ့်နှစ်မှာ စတင်ဖို့စီစ​ဥ် နေ။ နေပြည်တော်၊အောက်တိုဘာလ-၁၆ ရက်။အဝေးသင်တက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ အနီးကပ်ကျောင်းတက်ရက် နှစ်ကြိမ် ခွဲ တက်ခြင်းအစီအစဉ်ကို လာမယ့်နှစ်မှာ စတင်ဖို့စီစဉ်နေတယ်လို့ပညာရေးဝန်ကြီးဌာနမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးကပြောပါတယ်။  ဒေါက်တာမျိုးသိမ်းကြီးက` နောက်နှစ် ၂၀၂၀ မှာ စတင်ဆောင်ရွက်နိုင်ဖို့အတွက်တော့ စီစဉ်နေပါတယ်။ တစ်ချို့ဆိုလည်း ဒီလိုဆောင်ရွက်တဲ့အတွက် အခက်အခဲ ရှိနိုင်တဲ့သူတွေ ရှိတယ်။ခွင့်မရနိုင်တဲ့လူတွေ ဒါမျိုးဆိုရင်လည်း ကျွန်တော်တို့က ၁၀ ရက်အတွက်ကို သူတို့ရဲ့ YUDE  MUDE မှာ ဘယ်လောက်လက်ခံနိုင်မလဲ ဒီဟာတွေနဲ့အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်`လို့ပြောပါတယ်။      အဝေးသင်ပညာရေး အရည်အသွေးမြင့်မားစေဖို့ ရည်ရွယ်ပြီး ပုံမှန်တက်ရောက်နေရတဲ့ အနီးကပ်တိုက်ရိုက် ၁၀ ရက်အစားလာမယ့်နှစ်ကစပြီး Orientation (ဘာသာရပ် မိတ်ဆက်ခြင်း) အဖြစ် ဝိဇ္ဇာဘာသာရပ် အထူးပြုတွေကို မေလတွင် ၅ ရက် ၁ ကြိမ်၊ နိုဝင်ဘာလမှာ နောက်ထပ် ၅ ရက်အဖြစ် စုစုပေါင်း ၂ ကြိမ်တက်ရောက်ဖို့ ပညာရေးဝန်ကြီးဌ...