Skip to main content

အဝေးသင်ဘွဲ့ယူမည့်ကျောင်းသားကျောင်းသူများသိစေရန် ======

အဝေးသင်ဘွဲ့ယူမည့်ကျောင်းသားကျောင်းသူများသိစေရန်
=====================================
 ဘွဲ့နှင်းသဘင် အစမ်းလေ့ကျင့်ရက်နှင့် အမှန်တကယ်တက်ရောက်ယူမည့်နေ့ များတွင်

ကျောင်းသူများသည် မြန့်မာရိုးရာ ဝတ်စားဆင်ယင်မှု (ထမိန်၊ အင်္ကျီလက်ရှည်)၊ တိုင်းရင်းသား ဝတ်စုံဝတ်ဆင်မည်ဆိုလျှင် သက်ဆိုင်ရာ တိုင်းရင်းသားဝတ်စုံကို ပြည့်ပြည့်စုံစုံ ဝတ်ဆင်ပြီး တက်ရောက်ရပါမည်။

*** အင်္ကျီရှေ့ဟိုက်၊ နောက်ဟိုက် နောက်ကွဲ၊ ကျောပြောင် အပါးသားများ မဝတ်ဆင်ရပါ။ ထမိန်စကတ် အတိုအပြတ်အကွဲ ၊ ရှေ့ကွဲ နောက်ကွဲ ဘေးကွဲ မဝတ်ဆင်ရပါ။

‌ကျောင်းသားများသည် မြန်မာဝတ်စုံဝတ်ဆင်မည်ဆိုလျှင် ပုဆိုး တိုက်ပုံအပြည့်အစုံဝတ်ဆင်ရပြီး အနောက်တိုင်းဝတ်စုံဝတ်ဆင်မည်ဆိုလျှင် အနောက်တိုင်းဝတ်စုံအပြည့်အစုံ (နက်ခ်တိုင်) ပါဝင်အောင်ဝတ်ဆင်ရမည်။ တိုင်းရင်းသား ဝတ်စုံဝတ်ဆင်မည်ဆိုလျှင်လည်း သက်ဆိုင်ရာတိုင်းရင်းသား ဝတ်စုံကို အပြည့်အစုံဝတ်ဆင်ရပါမည်။

**** ဂျင်းဘောင်းဘီ၊ ဂျင်းဘောင်းဘီဒူးပြဲ ၊ တီရှည်လက်တို လက်ရှည်နှင့် ကွာတားဘောင်းဘီများ လုံးဝလုံးဝ မဝတ်ဆင်ရပါ။

အရက်သေစာ သောက်စားလာခြင်းနှင့် ငါးနှစ်အောက်ကလေးများ ခေါ်ဆောင်လာခြင်းမပြုရပါ။

အစမ်းလေ့ကျင့်ရက်တွင် ဘွဲ့ယူမည့်ကျောင်းသားကျောင်းသူများမှ လွဲ၍ မိဘများ သူငယ်ချင်းများ ခမ်းမတွင်းသို့ ဝင်ရောက်ရန်မလိုပါ။

အစမ်းလေ့ကျင့်မည့်ရက်နှင့် အမှန်တကယ် ဘွဲ့ယူမည့်နေ့တွင် မိမိတက်ရောက်ရမည့် ၊ ထိုင်ရမည့် ခုံလက်မှတ်များ အပျက်မကွက် ယူဆောင်လာရပါမည်။

Credit

ဒေါ်လှိုင်းကြာဖြူ
နည်းပြ၊ ဒဿနိကဗေဒဌာန