Day တက်ပြီး တစ်ဘာသာကျလို့ အဝေးသင်ပြောင်းချင်နေပြီလား။
ကိုယ်က အခု နေ့သင်တန်း Day တက်တယ်။ အကြောင်းအမျိုးမျိုးကြောင့် ချွတ်ချော်ပြီး First Sem မှာ ဖြစ်ဖြစ် Second Sem မှာဖြစ်ဖြစ် တစ်ဘာသာ/ နှစ်ဘာသာဖြစ်ဖြစ်/ အခြား ကျတယ်ဆိုပါစို့။ Day မှာက တစ်ဘာသာကျကျ နှစ်ဘာသာပဲကျကျ ဘယ်နှဘာသာပဲကျကျ 1F ပါပဲ။ 1F ဆိုမှတော့ တစ်နှစ်လုံး ပြန်တက်ရတော့မှာပါ။ အဲ့မှာ စိတ်ဓာတ်တွေကျပြီး "ဟာ Day တက်ရတာ မကောင်းဘူး အအောင်လွယ်တဲ့အဝေးသင်ပဲပြောင်းမယ် သင်တန်းတက်မယ်" အဲ့လိုတွေးကြရင်တော့ အမှားကြီးမှာပါ။ အဝေးသင်က Day ထက် အောင်ဖို့လွယ်တယ်ဆိုတာ တကယ်တော့ ဂျင်းကြီးပါ။ အဝေးသင်က Day တွေထက် အောင်ဖို့ အင်မတန်ခက်ခဲပါတယ်။ Day ကမှ အောင်တာလွယ်ပါလိမ့်မယ်။ မနှစ်က ကျွန်တော်တို့ Second Year Physics မေဂျာမှာ အဝေးသင်တက်ရောက်သူ ဒုတိယနှစ်မှာပဲ ကျောင်းသား ၁၂၀၀ ကျော်ပါတယ်။ အဲ… အောင်စာရင်းလည်းထွက်လာရော အဲ့ ၁၂၀၀ ထဲက ၂၀၀ ကျော်ပဲအောင်ပါတယ်။ အောင်ချက်က ဘယ်နှစ်မဆို အရမ်းနည်းပါတယ်။ အောင်ဖို့ အင်မတန် ခက်ခဲပါတယ်။ ဘာလို့ အဝေးသင်တွေက စာမေးပွဲအောင်ဖို့ ခက်တာလဲ။ အဝေးသင်တွေရဲ့ အခက်အခဲကို ပြောပါရစေ။ ၁။ အဝေးသင်တွေက တစ်နှစ်လုံးမှာ စာမေးပွဲကို တစ်ကြိမ်သာ ဖြေဆိုရတာပါ။ Day တွေလို First Sem Exam နဲ့ Second Sem Exam ဆိုပြီး စာမေးပွဲ ၂ ခါခွဲမဖြေပါဘူး။ အဲ့ဒီလို စာမေးပွဲ တစ်ကြိမ်တည်းဖြေတော့ တစ်ခါတည်းနဲ့ တစ်ဘာသာကို Module ၂ ခုလုံး လေ့လာရပါတယ်။ ဥပမာ Paper - 1 အတွက်ဆို First Sem အတွက် Module 1 ခု / Second Sem အတွက် Module 1 ခု အဲ့လို တစ်ဘာသာကို Module ၂ ခုပေါင်းလေ့လာပြီး ဖြေဆိုရတာပါ။ Day တွေတောင် First Sem ရဲ့ Module တစ်ခုတည်း ဖြေရတာတောင် ကျတဲ့သူတွေရှိတယ်ဆိုတော့ အဝေးသင်မှာ တစ်ဘာသာတည်းကို First Sem + Second Sem ရဲ့ Module ၂ ခုလုံးပေါင်းပြီး ဖြေဆိုဖို့ ပိုလို့တောင်ခက်ခဲပါတယ်။ စာကို သေချာလေ့လာထားမှ အဆင်ပြေမှာပါ။ ၂။ ဆရာမတွေနဲ့ ထိတွေ့မှု အားနည်းပါမယ်။ အဝေးသင်ဆိုတဲ့အတိုင်း ဆရာမတွေကတော့ အသေးစိပ်သင်ပေးနေမှာ မဟုတ်ပါဘူး။ ကိုယ်တိုင် လေ့လာရပါမယ်။ YUDE ရဲ့ ETV ရှိမယ်။ Web Site မှာ ပို့ချချက် သင်ခန်းစာတွေရှိတယ်။ စာကို ကိုယ်တိုင်လေ့လာဖို့ Study Guide Book တွေရှိမယ်။ ကိုယ့်ဘာသာ Notes ထုတ် ကိုယ့်ဘာသာကျက် ကိုယ့်ဘာသာလေ့လာ ကိုယ့်ဘာသာ တွက်ချက်ရပါမယ်။ ကိုယ်က လေ့လာထားတာကို သိပ္ပံသမားတွေဆို စနေ တနင်္ဂနွေ Practical တက်ရင် / ဝိဇ္ဇာသမားတွေက အနီးကပ်သင်တန်းတက်ရင် ဆရာမတွေနဲ့ တိုင်ပင် ဆွေးနွေးရပါတယ်။ ကိုယ်တိုင် မလေ့လာထားရင် အဆင်ပြေမည်မဟုတ်ပါ။ ၃။ Assignment ကို ကိုယ်တိုင် လေ့လာ ကြိုးစားအားထုတ်ပြီး ရေးရတာပါ။ အရင်နှစ်တွေကတော့ အဆိုင်းမန့်ရေးရင် မဟာ လို ငြိမ်း လို အသင့်ဖြေပြီးသား အဖြေစာအုပ်တွေ ထွက်ပေမယ့် ယခုနှစ်ကစပြီး သက်ဆိုင်ရာ တက္ကသိုလ်အလိုက် အဆိုင်းမန့်မေးခွန်းထုတ်တဲ့အတွက်ကြောင့် ဘာအဖြေစာအုပ် မှ မရှိတော့ဘဲ ပုံနှိပ်စာအုပ်တစ်အုပ်လုံးကို ကိုယ်တိုင်လေ့လာပြီး ကြိုးစားအားထုတ် ရေးရမှာဖြစ်ပါတယ်။ အထက်ပါ အချက်မှာ ပြောခဲ့တဲ့အတိုင်း ဆရာမတွေ ထိတွေ့မှု အားနည်းတဲ့အတွက် ရေးရတာတော့ အနည်းငယ် ခက်ခဲပါလိမ့်မယ်။ ၄။ Day မှာက တစ်ဘာသာကျရင် တစ်နှစ်လုံးပြန်တက်ပြီး အဲ့ဒီတစ်ဘာသာပဲ ပြန်လည်ဖြေဆိုရတာပါ။ အောင်ခဲ့တဲ့ဘာသာရပ်တွေ ပြန်ဖြေစရာမလိုအပ်ပါဘူး။အဝေးသင်မှာက တစ်ဘာသာကျလည်း နောက်တစ်နှစ်ပြန်တက်ပြီး ဘာသာစုံ အစအဆုံးပြန်ဖြေရတာပါ။ အဲ့ဒီတော့ တစ်ဘာသာကျခဲ့ရင် တစ်နှစ်လုံးပြန်တက်ပြီး အဲ့ဒီ တစ်ဘာသာပဲပြန်ဖြေမလား။ တစ်နှစ်လုံးပြန်တက်ပြီး (၆) ဘာသာလုံးပြန်ဖြေမလားဆိုတာ ကိုယ်ရွေးချယ်တဲ့အပေါ်ပဲ မူတည်ပါတယ်။ ၅။ အဆိုင်းမန့်တစ်နှစ်လုံးစာရေးပြီး သတ်မှတ်ချိန်အတွင်းတင်ရပါတယ်။ Day မှာလည်း Assignment ရေးရတာ ရှိပါတယ်။ အဝေးသင်မှာကတော့ အဆိုင်းမန့်ရေးသွင်းမှုပျက်ကွက်ရင် Incomplete အဖြစ် သတ်မှတ်ပြီး ကျတစ်ကျ 1F သတ်မှတ်ပါတယ်။ ဒါကြောင့် အဆိုင်းမန့်ကို မဖြစ်မနေ ရေးကို ရေးရမှာပါ။ အဆိုင်းမန့် မတင်မိရင် စာမေးပွဲကျပါတယ်။ ၆။ အဆိုင်းမန့်ဆိုလို့ ကျောင်းကလည်း Assignment ကို အချိန်မီ မထုတ်ပေးနိုင်တဲ့ ပြဿနာ နှစ်တိုင်း ကြုံနေရပါတယ်။ ကျောင်းအပ်တာနဲ့ ပုံနှိပ်စာအုပ်တွေ ၊ စာစဉ်တွေ တစ်ခါတည်း မရတတ်ဘဲ နောက် လတော်တော်ကကာမှ ရတတ်ပါတယ်။ ဒီတော့ စာလေ့လာဖို့ အချိန်ပုတ်သလို အဆိုင်းမန့် ရနိုး ရနိုးနဲ့ ကျောင်းကို လာလာရတတ်တဲ့ အချိန်တွေလည် အများကြီးရှိပါမယ်။ ဒါပေမယ့် အဝေးသင်တွေမှာ အားနည်းချက်ရှိသလို အားသာချက်တွေလည်း ရှိပါတယ်။ - အလုပ်တစ်ဖက်နဲ့ ကျောင်းတက်၍ရခြင်း ။ - Practical Exam မရှိခြင်း။ - ကျောင်းတက်ရင်း သင်တန်း/ Private University အစရှိသဖြင့် တက်ရောက် နိုင်ခြင်း။ - ကျောင်းတက်ရတာ နေ့သင်တန်းတွေလောက် အချိန်မကုန်ခြင်း။ - ငွေကုန်သက်သာခြင်း အစရှိသဖြင့် အားသာချက်တွေအများကြီး ရှိပါတယ်။ ဒါကြောင့် ကိုယ်က Day ကနေ အဝေးသင်ပြောင်းချင်နေရင် သေချာစဉ်းစားပါ ။ သေချာ ဆုံးဖြတ်ပြီးမှသာ ပြောင်းစေချင်ပါတယ်။အခု အဝေးသင် အယောက် ၁၀၀ ကို Day ပြောင်းချင်လားလို့မေးရင် ၉၀% လောက်က ပြောင်းချင်နေပါတယ်။အဝေးသင်ကနေ Day ပြောင်းခွင့်ရမယ်ဆို သေချာတာကတော့ ကျွန်တော်ထိပ်ဆုံးက ကပြီး ပြောင်းပါမယ်လို့ပြောကြားရင်း… Day ကနေ အဝေးသင်ပြောင်းခဲ့သော အဝေးသင်ကျောင်းသားတစ်ဦး။ Day က အဝေးသင် ပြောင်းမဲ့ ၊ ညီလေး၊ ညီမလေး များ မပြောင်းခင် အရင်စဥ်းစားစေလိုပါတယ်။
